မြတ်စွာဘုရားအား ကန်တော့ပါ၏

Blogger SongEi 

Design By Maunglay

28 Dec 2012

ပုလင်းတစ်လုံးရဲ့.ခပ်နက်နက်ရာဇ၀င်

မိုးရွာထဲမှာ ပုလင်းတလုံးရဲ့ရာဇ၀င်ကိုအပေါ်တက်ရင်းပြောပြမယ်။
ခနနေအုံးဗျာ....။ ပုံပြင်တပုဒ်အရင်ပြောပြမယ်......။နာမည်ကပုလင်းရွာတဲ့......
ပုလင်းတွေနေတဲ့ရွာတော့မဟုတ်ပါဘူး...။ ပုလင်းတူမော့စို့ဆိုတဲ့လူတွေနေတဲ့ရွာလေးပါ.....
အကျိုးပေးကောင်းတာက အဲဒီရွာမှာတွင်းကြီးတတွင်းရှိတယ် တော်တော်နက်နက်ပေါ့ အဲဒီတွင်းထဲကဘာတွေရလဲဆိုတော့... ရတယ်... ရေတော့မဟုတ်ဘူး အရက်တွေလေ အရက်တွေ ဟုတ်တယ်အရက်တွေရတယ် ..။
လူတွေကအရက်တွေကိုလိုချင်ရင်ဟိုးတွင်းကြီးအောက်ခြေထိဆင်းခပ်ရတယ်..။သောက်တဲ့သူတွေဘယ်လောက်များလဲမသိဘူးတွင်းကြီးကနက်သထက်နက်လာတယ်..။ တခါဆင်းပြီးရင်တနေ့လောက်ပြန်တက်ဖို့ကြာရော ဒါပေမယ့်အရက်တွေကမကုန်ဆုံးသေးဘူးဒီတော့ဆင်းသွားခပ်မယ့်သူတွေကဘာလုပ်ကြလဲ...။
သူတို့ကလဲအချိန်ကိုတန်ဖိုးထားကြတယ်ဗျ...ဘာအတွက်ဘယ်လိုသတ်မှတ်လိုက်တဲ့အချိန်လဲတော့မသိဘူး..တွင်းကြီးရဲ့ဘေးနားမှာပဲ တဲလေးတွေထိုးပြီးနေကြတယ်.။ ဆင်းရလွယ်အောင်လေ..။ ဒီလိုနဲ့တက်လိုက်ဆင်းလိုက် .....။သူတို့ရဲ့တနေ့တာအချိန်တွေကိုအရက်တွင်းကြီးထဲတက်လိုက်ဆင်းလိုက် အရက်ခပ်လိုက်သောက်လိုက်နဲ့အချိန်တွေကုန်နေကြတယ်..။
တွင်းကြီးကတော့နက်သထက်နက်လို့ပေါ့....
ဟူးးး.....
ခနေနေအုံးဗျာမောလိုခနေလောက်နားအုံးမယ် ပြီးမှဘာလို့ပုလင်းရွာလို့ပြောလဲဆက်ပြောမယ်..။
 ဒီလိုဗျ ဒီလို........
ပုလင်းတူဗူးဆို့ဆိုတဲ့စကားပုံကြားဘူးတယ်မဟုတ်လား ဒီရွာရောက်ရင်တော့ပုလင်းတူမော့စို့ပဲ... ဟုတ်တယ်လေ...
ပုလင်းတူရင်ဟိုလူပုလင်းဒီလူယူမော့ ဒီလူပုလင်းဟိုလူယူမော့နဲ့ ပက်ပက်စက်စက်ကိုမော့သောက်ကြတာ
မျက်နှာတွေကလဲ အရောင်တွေစုံလို့ လူတိုင်းမှာလဲပုလင်းတွေကိုယ်စီရှိကြတယ်ဗျာ ဒီတော့သူတို့ရွာကို ပုလင်းရွာလို့ခေါ်တာမှားမယ်မထင်ပါဘူး ...
ကဲ......ဒီတော့ အဲဒီရွာကိုရောက်သွားမယ့်ကျနော်ကံကြမ္မာကရောဘာဖြစ်သွားမယ်ထင်လဲ..
စောင်ကြည့်ပေါ့ဗျာ နော်
ကျနော်ရောက်တော့မိုးတွေရွာမနေပါဘူး ပုလင်းတွေဝေနေသံတော့စီနေတာပဲ နဲနဲလေးဆက်လျှောက်မိတယ်ကြံသေး..
ဟေ့လူ ဘယ်သွားမလို့လဲ ရော့ ဒီမှာ ပုလင်းယူသွား
ခြေလှမ်းတွေကလေထဲမှာာဖိုးသိုးဖတ်သတ်ဖြစ်သွားတယ်
ဘာလဲဟ ဆီပုလင်းလား ဘာလားညာလား ဒီလိုပေါ့ ခဏကြာတော့အဲဒီလူကိုယ်တိုင်ပုလင်းလာပေးတယ်
အလဲ့ သူကိုယ်တိုင်ကလဲ လည်ပင်းမှာပုလင်းတွေဆွဲလို့သူကြည့်ရတာအင်္ဂုလိမာလနဲ့တူလိုက်တာ.
ဒီလိုနဲ့ပုလင်းဆွဲပြီးလျှောက်သွားတော့ ဘယ်နေရာလဲမသိဘူးရောက်သွားတယ် တွင်းတတွင်းကိုပတ်ချာလည်ပြီးဆောက်ထားတဲ့အိမ်တွေနေရာ
ဘာတွင်းကြီးလဲ.....
သိချင်တာပေါ့ တွင်းကြီးထဲကိုကြည့်လိုက်တော့မှောင်မှောင်မည်းမည်းကြီးကငုတ်တုပ်ကြီးထိုင်နေတယ်။ရုတ်တရက်ဆိုသလိုပဲ
ဟေ့လူ ကျနော်ကိုဆွဲတင်ပါအုံးဟ ....
တွင်းစပ်မှာဖားလိုကုပ်ကပ်တွယ်နေသူတဦး... ကုပ်ကပ်တက်လာတာဆိုရင်ပိုမှန်မယ်ထင်တယ် သူကြည့်လိုက်တော့လည်း လည်ပင်းမှာပုလင်းတွေပုလုံစီချိတ်လို့... လူရောပုလင်းအလေးချိန်ပါတော်တော်လေးလေးကြီးကိုချွေးဒီးဒီးကျအောင်ဆွဲတင်လိုက်ရတယ်။သူကတော့တွင်းနှုတ်ခမ်းပေါ်ရောက်တော့ကျကျနနတောင်မထိုင်ဘူးနှုတ်ခမ်းနားတေ့ပြီးပုလင်းတလုံးကိုပလုံကနဲနေအောင်မော့သောက်လိုက်ပြီးမှ
ကျေးဇူးပဲဗျာ ဒါနဲ့ခင်ဗျားမှာပုလင်းဘယ်နှစ်လုံးပါလဲ
စိတ်ထဲကတော့ကျို့တချက်ထိုးသွားတယ်....။
ဘာလဲဟ ဒီလူတွေ အလကားနေ ပုလင်းပေးလိုက်ပုလင်းမေးလိုက်နဲ့
တလုံးပဲပါတယ်ဗျ ဘာလုပ်ဖို့လဲ
ဒါဆိုရင်တော့ခင်ဗျားနေတိုင်းဆင်းရတော့မယ်နော်
ထိုသူကကြောင်နှုတ်ခမ်းသပ်သလို သပ်ပြီးမှပြောတာ..။သူနောက်တချက်ကြို့ထပ်ထိုးလိုက်မိတယ်...။
ဘယ်ကိုဆင်းရမှာလဲဗျ
ထိုသူးကပြန်မဖြေပဲလည်ပင်းကချိတ်ထားတဲ့ပုလင်းတလုံးကိုဖြုတ်ပြန်တယ်။နောက်ပလုံအသံကိုထပ်မြည်စေပြန်တယ်။မောလိုက်ပုံများဆတ်ခနဲ့ဆိုတာထက်ကိုမြန်တယ် ...
ပလုံ.......... ဂွီ....
ပလုံဆိုတာကသူဆီကအသံ ဂွီဆိုတာက ကျနော်ဆီကအသံ
သူကိုကြည့်ပြီးဗိုက်ဆာဖို့သတိရသွားတယ်။
ဗိုက်ဆာလိုက်တာဗျာ စားစရာမရှိဘူးလား ....
ဗိုက်ဆာရင်ဆင်းလေ
လုပ်ပြန်ပြီဒီလူတော့ အတင်းဆင်းခိုင်းနေတော့တာပဲ
ဘယ်ကိုလဲဗျ
ဒီအောက်ကို ...
ထိုးပြတာကတွင်းထဲ ...ဟုတ်တယ်တွင်းထဲကိုလက်ညိုးထိုးပြနေတာ
ဒီထဲမှာစားစရာတွေရှိလို့လား...
 ငုံ့ကြည့်ရင်းမေလိုက်မိတာ မယုံမရဲနဲ့ပေါ့
ထိုသူကမျက်လုံးမှေးဆင်းပြီးမှ
ရှိတာပေါ့ဗျ ဒီမှာလေမတွေ့ဘူးလား
ရင်ဘတ်၌သီထားသောပုလင်းတွေကိုကင်းကောင်လိုပုတ်ပြတယ်ဗျ
ဘာတွေလဲဗျ အဲဒါ
ထိုသူကဒါလေးတောင်မသိရကောင်းလားငတုံးရဲ့ဆိုတဲ့မျက်နှာပေးကောက်တပ်လိုက်တယ်။ပြီးမှ
အရက်လေဗျာအရက်
ဟင့်အင်း ကျနော်အရက်မသောက်ချင်ဘူး စားစရာပဲပေး
ဒီရွာမှာစားစရာမရှိဘူးဗျ တရွာလုံး ဒီဟာပဲသောက်တယ်
မှုန်ကုပ်ကုပ်လုပ်ပြီး စိတ်ရှုပ်ရှုပ်မျက်နှာပေးနဲ့ဆိုတာ..သူဗိုက်ကလဲ၁၁ကြိမ်မြောက်ဂွီသံထွက်လာတယ် စဉ်းစားရင်းစဉ်းစားရင်း နေတ၀က်ဝင်သွားတယ် ထိုသူကတော့ပုလင်းကိုပါးစပ်မှာတပ်ပြီးအိပ်ပျော်သွားတယ်
မထူးတော့ဘူးနော်...ဘာလုပ်ရင်ကောင်းမလဲ တွင်းထဲပဲဒိုင်ပင်ထိုးဖို့ပဲရှိတာပေါ့..
သိပ်လဲစောင့်မနေနိုင်ဘူးလေ....ဒီလိုဆိုတော့......ကဲ တွင်းထဲသို့ဒိုင်ပင်ထိုး......ဒါပဲရှိတာပေါ့.နော့်....။
မကောင်းပါဘူးဗျာ ဒီလိုနဲ့ ကျနော်လည်ပင်းလဲပုလင်းတွေသီသွားတယ်ခြေလှမ်းတွေကလဲနှေးကွေးလို့ တွင်းထဲမှာပဲအချိန်ကုန်နေတယ် ရင်ဘတ်တွေကလဲမောလိုက်တာဗျာ ပြောမနေပါနဲ့တော့
အော် နောင်တရနေတယ်ထင်လို့လား ဟဲဟဲ မထင်နဲ့ဗျ တွင်းနဲ့အနီးဆုံးက ကျနော်အိမ်လေ ဟင်းဟင်း
အခုစကားပြောနေတာ ဘယ်ကပြောနေတယ်ထင်လဲဗျ တွင်းပေါ်တက်ရင်းနဲ့ပြောနေတာဗျ တွင်းပေါ်တက်ရင်းနဲ့ပြောနေတာ ကဲ အခုတွင်းပေါ်ရောက်ပြီ ...။
ပလုံပလုံပလုံ.......
............................................မေးထဲရောက်လာလို့ပြန်လည်မျှဝေလိုက်တာပါ.........................

No comments:

Post a Comment

မန်းဘာဝင်ရန်