မြတ်စွာဘုရားအား ကန်တော့ပါ၏

Blogger SongEi 

Design By Maunglay
Showing posts with label Flashsong လုပ်နည်း. Show all posts
Showing posts with label Flashsong လုပ်နည်း. Show all posts

28 Dec 2012

flashsong လုပ်နည်းအပိုင်း ၁

အရင် ဆုံး ဖလက် သီချင်းလုပ်ဖို့ ဆွစ်မက် ဆော့ဝဲ ကို ဖွင့်လိုက်ရင် အောက်က ပုံ အတိုင်း တွေ့ရပါလိမ့်မယ်။
     
နောက်ခံ back ground အရောင်က အဖြူ နဲ့ အရင် ကျလာပါတယ် ။ အဲဒါကို အရောင်ပြောင်းချင်းရင်တော့ အောက်က ပုံအတိုင်း ပြောင်းပေါ့နော်။
   

အရင်ဆုံး မောက်စ် ကို ညာ ကလစ်ထောက်ပီး properties ကိုနှိပ်လိုက်ပါနော်......
   

အဲလို နှိပ်ပီးရင် အောက်က ပုံအတိုင်း ဘောက် တစ်ခု ကျလာပါလိမ့်မယ်။
   

ပီးရင် နောက်ခံ ဘက်ကရောင်း အရောင် ကို အနီ ၀ိုင်းပြထားတဲ့ နေရာ ကို နှိပ်ပြီး ပြောင်းမယ်နော် အောက်က ပုံအတိုင်းပေါ့။ ထုပ်ထုပ် တော့ အမြဲတမ်း အနက်ရောင် ကို ရွေးတယ်နော် အောက်မှာ ၀ိုင်း ပြထားတယ် ။


ပြောင်းပီးသွားရင် အောက်က ပုံအတိုင်း ဘက်ကရောင်းက အနက် ရောင် ပြောင်းသွားပါပြီ။ ဒါဆို သီချင်းထည့်မယ်နော် ။


သီချင်း မထည့် ခင်မှာ သီချင်းကို လွမ်း ရေးတဲ့ အပိုင်း (၁) မှာ ပြထားတဲ့ အတိုင်း ချုံ့ရ ပါမယ် ။ 2mb ထက် မကျော် တာ
အကောင်းဆုံးပါ။ ဒါမှ အဖက် တွေ ၊ ပုံတွေ ထပ်ထည့်မှာ နဲ့ ဆိုတော့ အကိုက် မဟုတ်လား။



အပေါ်က ၀ိုင်းပြထားတဲ့ နေရာကို ကလစ်ပီး သီချင်းထည့်ရပါမယ်။


သီချင်း ထည့်ပီးသွားတဲ့ ပုံပါ။


အောက်လိုင်း ဆိုတဲ့ နေရာ မှာ ထည့်လိုက် တဲ့ သီချင်း ဒီလို ပေါ်ပါတယ်။ထုပ်ထုပ် ကတော့ ချစ်ဦးပုံပြင် သီချင်းလေး ထည့်လိုက်ပါတယ် ။


ပြီးရင် အရုပ် အရှင် လေးတွေ ထည့်ဖို့ import animation ကို ကလစ်လိုက်ပါ။


အပေါ်မှာ ၀ိုင်းပြထားပါတယ် ကလစ် ရမယ့် နေရာကို။

အပေါ်နဲ့ အောက်မှာ ပြထားတာ က အရုပ် အရှင် ထည့်ပီး သွားတဲ့ ပုံပါ။OutLine မှာ ကြည့်ရင် တွေ့ရမှာပါ။



ချစ်ဦးပုံပြင် သီချင်း အတွက် အရင် ဆုံး လှုပ်နေတဲ့ ဖလက် မြက်ခင်းလေး ကို ရွေးပြီး ထည့်လိုက် ပါမယ်။


မြက်ခင်းလေး ရောက်သွားရင် ညာဘက် မှာ အဲဒီ မြက်ခင်းလေး ကို ပဲ ကော်ပီ ယူ ပွား ပြီး ဖလက် အရုပ် အရှင်လေးတွေ ထည့်သွား
ပါမယ် အောက်က ပုံမှာ ထည့်ပြီးလို့ တစ်ဝက်လောက် ရောက်ရင်တော့ ရပ်ထားပြီး ပလေး ၊ စတော့ ဘတ်တွန် ထည့်ပါမယ်။
အရုပ်တွေ အားလုံးထည့်ပြီးမှ ဘတ်တွန် ထည့်ရင် ဘတ်တွန်အဖက် မရ ဖြစ်တတ်ပါတယ်။



အပေါ်မှာ ပြထားတဲ့ အတိုင်း file ကလစ်ပြီး new ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း နောက် တကွက် ပေါ်လာ မှာပါ။အရင် မူလ
သီချင်းနဲ့ နောက် ပေါ်လာတာ ကို အနီရောင် နဲ့ ဘောင်ခတ် ပြထားပါတယ်။


ပြီးရင် တော့ညာဘက် အကွက်ကလေးမှာ အနီရောင် နဲ့ ၀ိုင်းထားတဲ့ componant ကို နှိပ်လိုက်ပါ။ အဲဒီထဲက မှ 2D ကို ကလစ်ပြီး
ဘတ်တွန် အတွက် Christmas glass button ကို ရွေးလိုက်ပါ ။ အောက်က ပုံအတိုင်းတွေ့ရင် တော့ ညာကလစ်ထောက်ပြီး
cut object ကို နှိပ်လိုက်ပါ။

ပြီးရင် အောက် မှ မြှားပြထားတဲ့ အတိုင်း စောစောက လုပ်ထားတဲ့ သီချင်း မှာ ညာကလစ်နှိပ်ပြီး paste here ကို နှိပ်လိုက်ပါ။


အောက်က ပုံလေး အတိုင်း ဘောက် ကျလာရင် ok နှိပ်လိုက်ပါ။

အောက်က ပုံအတိုင်း ဘတ်တွန် ကို တွေ့ပါလိမ့်မယ် ။

ဒါပေမဲ့ ဘတ်တွန် ကို ထုပ်ထုပ် သီချင်းမှာ မြင်တဲ့ အတိုင်း ကျန်အောင် မလိုတာ တွေ ဖျက် ပစ်မှာပါ။ဘတ်တွန် ထည့်လိုက်ရင် အရင်ဆုံး
OutLine မှာ videoControls ဆိုတာလေးကို အောက်မှာ ပြထားတဲ့ ဘယ်ဘက်က ပုံလေးမှာ အပြာရောင်လေး နဲ့ ၀ိုင်းပြထားပါတယ် ။
အဲဒီ အပြာရောင်လေးက နဂိုက + ပုံလေး ကို နှိပ်ပြီး ဖြည်ချလိုက်ရင် ဘယ်ဘက်က အနီရောင် ဘောင်ခတ်ထားသလို တွေ့ရမှာပါ။
အဲလို ဖြည်ပြီးပြီ ဆိုရင်တော့ မလိုတာတွေ ကို ညာဘက်မှာ တွေ့တဲ့ ပုံအတိုင်း ကျန်တဲ့ အထိ ဖျက်လိုက်မှာပါ။
ကိုထွန်း ကတော့ time line လေး ထည့်တတ်ပါတယ်။ ထုပ်ထုပ်ကတော့ မထည့်ပါဘူး။ (ကိုယ့် သီချင်း ကို ကျော်တာ ရစ်တာ မခံနိုင်ပါဘူး
ခိခိ)


အားလုံး ဖျက်ပီးသွားရင်တော့ အနီရောင် လေး ၀ိုင်းပြ ထားသလို တွေ့ရမှာပါ ။ ဒါဆိုရင်တော့ ဘတ်တွန် ထည့်တတ်သွားပြီပေါ့နော် ။
ဒါက လုံးဝ မသိသေးတဲ့သူတွေ အတွက်ပါနော် ။နောက်ရက် ကျရင်တော့ အောက်က ထုပ်ထုပ် သီချင်းထဲက ပုလင်းလေးတွေ လှုပ်တာ
ရေးပေးမယ်နော် ။

နမူနာ Flashsong ကို ဒီလင့်လေးမှာ နှိပ်ပြီးတော့ နားထောင် ကြည့်နိုင်ပါတယ်..

 ဒီပို့စ်လေးကို mmflahsongs က ကိုထုပ်ထုပ် ရေးထားတာပါ..ခုမှ စပြီးFlashsong လုပ်မယ့်

သူငယ်ချင်းတွေအတွက် ကူးယူ မျှဝေပေးလိုက်ပါတယ်နော်..




မန်းဘာဝင်ရန်